ဝါးခယ်မ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ Gender, CEDAW, NSPAW အသိပညာပေး အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ရွှေခယ်သီရိအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသမီရေးရာနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မြင့်မှ Gender, CEDAW, NSPAW နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်ခြင်း အမျိုးအစားများ၊ အကြမ်းဖက်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရာများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အမျိုးသားနှင့် အမျိုးသမီးများ တန်းတူညီမျှ ဖြစ်မှုနှင့် သာတူညီမျှဖြစ်မှုအကြောင်းအရာများ၊ ကျား၊ မ ရေးရာ တန်းတူညီမျှရှိမှုဆိုင်ရာ အကြောင်း အရာများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း