ပန်းတနော် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့ နံနက် ၉ နာရီက ကျေးရွာအုပ်စု ၃ အုပ်စုရှိ တောင်သူများအား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ပန်းတနော်မြို့နယ် အင်းမကျေးရွာအုပ်စု၊ ရွှေကျောင်းမြောက်ကျေးရွာအုပ်စုနှင့် မိမ္မပြေးကျေးရွာအုပ်စုတို့ရှိ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ရရှိပြီး ယခင်နှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည်ပြေကျေစွာ ဆပ်ပြီးဖြစ်သော တောင်သူ ၉၀ ဦး၊ စပါးစိုက်ပျိုးဧက ၄၄၅ ဧကအတွက် တစ်ဧကလျှင်ချေးငွေ ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းချေးငွေကျပ် ၆၆၇၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိ နေသော ကျေးရွာများကိုလည်း စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)