ပန်းတနော်တွင် တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် အသိပညာပေးဟောပြော

ပန်းတနော် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက သီတာဦးသီလရှင်စာသင်တိုက်သို့ တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် အသိ ပညာပေး ဟောပြောခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နော်အဲလာဖောနှင့် ဝန်ထမ်းများက တိုင်းရင်းဆေးပညာဖြင့် သီတာဦးသီလရှင် စာသင်တိုက်ရှိ သီလရှင်အပါး (၂၀)ပါးအား အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းနှင့် အမျိုးသမီးများနှင့် ပတ်သက်သည့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)