ကရသူရိမြို့ ပိုကောင်းဆီအုန်းစခန်း၌ အသက်(၅)နှစ်မှ(၁၂) နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

ကရသူရိ ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ မသေကျေးရွာအုပ်စု၊ ပိုကောင်းဆီအုန်းစခန်း၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို မြို့ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာ/အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်စာ/ရေးတို့ပူးပေါင်းပြီး အသက်(၅)နှစ်မှ(၁၂)အတွင်း ကျောင်းသား/သူများကို မိဘအုပ်ထိန်းသူများ၏သဘောတူခွင့်ပြုချက်ဖြင့် ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)အကြာစောင့်ကြည့်ပြီးမှ ထွက်ခွာခွင့်ပြုကြောင်း အဆိုပါကာကွယ်ဆေးထိုးနှံခြင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်းချက်များအတိုင်း ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်‌ရေးအတွက်ထိုးနှံပေးခြင်းဖြစ်ရာ စုစု‌ပေါင်းကျောင်းသား/ သူ(၂၇၂)ဦးအား ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးဝန်ထမ်းများက အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)