မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Center)ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည် ၁ နာရီခွဲချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးမျိုးမြင့်က စာရေးဆရာအောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်မှ အခန်းကဏ္ဍပါအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်တို့ တက်ရောက်ခဲ့ကြပြီး အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန့်ဇင်စိုး (ပြန်/ဆက်)