ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနရုံး စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ

ဟင်္သာတ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် “တစ်ခုတည်းသော ကမ္ဘာမြေဟူသောဆောင်ပုဒ်နှင့်အညီ ခရိုင်မီးသတ်ဦးစီးဌာနမှ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက် ၇ နာရီက လယ်တီကွင်းရပ်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူးရုံးဝန်းတွင် ကျင်းပပြုလုပ် ခဲ့သည်။

မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး  ဦးစိုးနောင်က ပျိုးပင်များ ပေးအပ်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ သန္ဓေတပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်များ စုပေါင်း၍ တစ်ပျော်တစ်ပါး စုပေါင်း၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေး၊ ဒေသအပူချိန်   လျှော့ချနိုင်စေရန်နှင့်   ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်  ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ရေတမာပင်၊ မန်ဂျန်ရှား၊ စိန်ပန်း ၊ မဟော်ဂနီ စသော အရိပ်ရအပင် (၂၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကိုဇော် -ဟင်္သာတ