ကရသူရိ ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၃)ရပ်ကွက်သို့သွားရောက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့်စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမှာဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင်စာဖတ်ပရိတ်သတ်များကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တု၊ စာအုပ်များအား ငှားရမ်းပေးခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းမျာမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)