မင်းလှ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်အကျိုးခံစားခွင့် (၃)လစာထောက်ပံ့ငွေပေးအပ်ခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်အထွေထွေအုပ်ရေးချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်ဖြိုးမင်းက မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း (၆၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၈၈၄)ဦးအတွက် ဧပြီလ၊ မေလ၊ ဇွန်လများအတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၂၆,၅၂၀,၀၀၀)အား သက်ဆိုင်ရာရပ်ကွက်/ ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ဘိုးဘွားများထံ အိမ်တိုက်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇင်စိုး (ပြန်/ဆက်)