ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ထန်းတပင်(ပဲခူး) ဇွန် ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ပူးပေါင်းစစ်ဆေးရေးအဖွဲ့က  သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တွေမှာ စက်သုံးဆီ သိုလှောင်ထားရှိသော ပမာဏနှင့် ရောင်းချနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်တွေမှာ သိုလှောင်ထားတဲ့ ဆီပမာဏပေါ်မူတည်ပြီး ဖွင့်လှစ်ရောင်းချနိုင်စေရန် စစ်ဆေးခြင်းဖြစ်ပြီး ရောင်းချခြင်းမရှိတဲ့ စက်သုံးဆီဆိုင်များလည်း အချက်အလက်များနှင့်တကွ တင်ပြပြီးမှသာ ရောင်းခွင့်ပိတ်ထားလို့ ရမှာပါ။ လက်ရှိမှာတော့ ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ စက်သုံးဆီဆိုင် (၇) ဆိုင်မှာ မိဘပြည်သူများအနေနဲ့ စက်သုံးဆီများကို စိတ်ချစွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီရောင်းခြင်း ရှိ/မရှိ သွားရောက်စစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန် /ဆက်)