ဝေါမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးကာ သစ်ပင်များပြိုလဲမှု ဖြစ်ပွား

ဝေါ   ဇွန်   

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မိုးနက်ကျေးရွာအုပ်စု၊ မဝါတဲစုကျေးရွာတွင် ယနေ့နံနက် နာရီခွဲတွင် ဘုရားပျိုကျေးရွာအုပ်စု၊ ကမာကဘန်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးကာ သစ်ပင်များလဲပြိုခဲ့ကြောင်း သိရသည်။

ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မိုးနက်ကျေးရွာအုပ်စု၊ မဝါတဲစုကျေးရွာတွင် တောင်ထန်းမိုး၊ ဝါးထရံကာ၊ ဝါးခင်းအိမ်()လုံး ပြိုကျပျက်စီး၊  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်()လုံး၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းတစ်လုံး အမိုးလန်ပျက်စီးမှုနှင့် ကုက္ကိုပင်ကြီး ()ပင်တို့ လဲပြိုပျက်စီးခဲ့ပြီး၊ ဘုရားပျိုကျေးရွာအုပ်စု၊ ကမာကဘန်ကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း()လုံး အမိုးလန်ပျက်စီး၍ သစ်ပင်လဲပြိုပိကာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံးပြိုကျပျက်စီးမှုနှင့် သစ်မိုး၊ ထရံကာ၊ ဝါးခင်း လူနေအိမ်()လုံး၊ တောင်ထန်းမိုး၊ ထရံကာ၊ ပျဉ်ခင်း()လုံးပြိုကျပျက်စီး ခဲ့ကြောင်းနှင့် ဒေသခံပြည်သူ အမျိုးသား()ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး၊ နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူများအနေဖြင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များက သစ်ပင်များရှင်းလင်းပေးခြင်း၊ လူနေအိမ်များအား ကူညီရှင်းလင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)