ရွှေတောင် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉:၀၀ နာရီကဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ရွှေတောင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၇၉)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၁)ရှိ ကျောင်းသား၊ ကျောင်းသူ(၁၀၄၆၉)ဦးတွင် ကျန်ရှိကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ကျောင်းစုရပ်များအလိုက် ကျန်းမာရေးဝန်ထမ်းများမှဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)