လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

လိပ်သို ဇွန် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အသက် () နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (--၂၀၂၂) ရက်နေ့မှ စတင်၍ သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/မများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ဆေးထိုးပြီးသူများအား မိနစ် (၃၀) ခန့် အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူပြီး ထိုးနှံပေးခဲ့ရာ ယနေ့အချိန် အထိ ကျောင်းသား၊ ကျောင်းသူ (၂၈၅) ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးရန်ကျန်ရှိနေသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။

လိပ်သို (ပြန်/ဆက်)