သရက်ချောင်း ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်မူလတန်းပြဆရာ/ဆရာမနေရာများတွင် ဖြည့်ဆည်းခန့်ထားနိုင်ရေးအတွက် လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကိုဇွန် ၃ ရက်နေ့က စတင်ပြီး (အ.ထ.က)သရက်ချောင်း ပညာရတနာခန်းမအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရက်တိုသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ အလယ်တန်းအဆင့်ကျောင်းအုပ်ကြီးများနှင့် မူလတန်းအဆင့်ကျောင်းအုပ်ကြီးများပါဝင်သော နည်းပြ(၁၁)ဦးက သတ်မှတ်အချိန်ဇယားပါအတိုင်း သင်ကြားပို့ချပေးလျက်ရှိကြောင်းနှင့် လက်ထောက်မူလတန်းပြဆရာဆရာမစုစုပေါင်း(၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း၊ သင်တန်းကာလမှာ ဇွန်လ ၃ ရက်မှ ၁၀ ရက်နေ့ အထိဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းခလိုက်(သရက်ချောင်း)