မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မြဝတီ ဇွန်    ၉

ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူများစုပေါင်း၍  ယနေ့နံနက်၁၀နာရီက   လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင်ကလောင်စုံရေးသားသည့်“လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ကြသည်။

စာဖတ်ဝိုင်းတွင် Women Club အသင်းဝင်  ဒေါ်ကေခိုင်က စာရေးသူညီမင်းညို၏ “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် နေရာဒေသမရွေး စာပေဟောပြောပွဲ ဆောင်ရွက်ပေးရခြင်းသည် လူတိုင်းစာပေ၏အကျိုးကျေးဇူးသိရှိလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့်သာ စာပေမှအသိပညာရရှိမည်ဖြစ်ကြောင်း၊ လူငယ်များ စာပေအသိရှိကြစေရန် ငယ်ရွယ်စဉ်မှစ၍  စာအုပ်စာပေရင်းနှီးကျွမ်းဝင်မှုရှိမှသာဘဝရည်မှန်းချက်ပန်းတိုင် လျှောက်လှမ်းရာတွင် အောင်မြင်မှု မလွဲမသွေရရှိမည်ဖြစ်သည်ဟု ဦးဆောင်ဆွေးနွေးပေးပြီး စာပေဝါသနာရှင် ဒေါ်ဝင်းဝင်းမြတ်က လူငယ်အရွယ်ဘဝတွက် ခွန်အားပေးသည့်စာများ ဖတ်ရှုသင့်ကြောင်းနှင့်  နိုင်ငံတော်အတွက် ခေါင်းဆောင်များဖြစ်လာမည့်  လူငယ်၊ လူရွယ်တိုင်း  စာပေအသိပညာများစွာလေ့လာသင့်ကြောင်း တို့ကို ပြန်လည် ဆွေးနွေးပေးခဲ့သည်။

ထို့နောက် တက်ရောက်သည့် စာပေချစ်မြတ်နိုးသူများက ဖတ်ရှုခဲ့သည့်ခေါင်းစဉ်များအပေါ် ထင်မြင်ချက်များ၊  သုံးသပ်ချက်အမြင်များဖြင့် အကြုံပြုဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)