မင်းလှ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇွန်လ ၂ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ စာသင်ကျောင်းဆေးထိုးစုရပ်များအလိုက် ထိုးနှံပေးလျက်ရှိရာ ရာနူန်းပြည့်ထက် ကျော်လွန်ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၅၅)ကျောင်းနှင့် ဘကကျောင်း(၄)ကျောင်း စုစုပေါင်း(၁၅၉)ကျောင်းမှ အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ဆေးထိုးနှံရန်အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူဦးရေ(၉,၅၈၉)ဦးဖြစ်ပြီး၊ ကိုဗစ်ကာကွယ်ဆေး(ပထမအကြိမ်) စုစုပေါင်း(၁၀,၇၈၆)ဦးထိ ထိုးနှံပေးနိုင်ခဲ့၍ ၁၁၂.၄၈ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထက် ကျော်လွန်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျောင်းကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သန့်ဇင်စိုး