အ.ထ.က(ခွဲ)အထက် ပိုင်ကျုံကျောင်း၌ (၃)ရက်အတွင်း အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူ (၉၄၉)ဦးရှိ

ပိုင်ကျုံ ဇွန် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက်(၅)နှစ်နှင့်အထက်  ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်‌အေးချမ်း သာစွာ ပညာသင်ကြားနိုင်‌စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊အ.ထ.က(ခွဲ) အထက်ပိုင်ကျုံကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အထက်ပိုကးင်ကျုံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဇွန်လ၆ရက် နေ့မှ စ၍ အသက်(၅)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ စတင်ထိုးနှံပေးလျက်ရှိရာ ‌ဇွန်လ ၈ ရက် နေ့အထိ ()ရက်အတွင်း  ကာကွယ်ဆေးထိုးနှံသူကျောင်းသားစုစုပေါင်း (၉၄၉)ရှိကြောင်း ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ပိုင်ကျုံမြို့တွင် အခြေခံပညာ‌ကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ဇွန်လ၈ရက်နေ့ အထိ ကျောင်းသား/သူ စုစုပေါင်း(၁၇၁၄)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား/သူများအား သတ်မှတ်စုရပ်တွင် ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

‌အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့်ပိုင် ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာရေး ဝန်ထမ်းများကာကွယ်ဆေး လာရောက်ထိုးနှံသည့်ကျောင်းသား/သူများအား ‌ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ပိုင်ကျုံမြို့နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှဆရာ၊ဆရာမများနှင့်အုပ်ချုပ်ရေးမှူးများ၊  စေတနာ့ဝန်ထမ်းများတို့ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာ‌ပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာ‌ပေးခြင်းလုပ်ငန်းများအား  ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

 နော်ခူး(ပြန်/ဆက်)