အမာမြို့ တွင်ငါးသယံဇာတထိန်းသိမ်းရေး မြေစိုက်နံရံကပ်ဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်း ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဖျာပုံ  ဇွန်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ငါးလုပ်ငန်း ဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနမှဦးဆောင်၍ ဒေသအတွင်းရှိ ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ ရေသယံဇာတများ အားစနစ်တကျ အသုံးပြုတတ်စေရန်နှင့်ရေထွက် ပစ္စည်းများ မှရရှိသည့် အကျိုးကျေးဇူးများကို ပြည်သူများအပြည့်အဝ ခံစားနိုင်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပြည့်ဝပိုလျှံ စေရန်ရည်ရွယ်၍ "ငါးသယံဇာတထိန်းသိမ်းရေးဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး "မြေစိုက်နံကပ်ဘုတ်စိုက်ထူခြင်းနှင့် ငါးလုပ်ငန်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ကအမာမြို့၊ မြို့ကုန်းကျေးရွာ စျေးလမ်းဆုံနေရာ၌ ပြုလုပ်သည်။

အဆိုပါ ငါးသယံဇာတထိန်းသိမ်းရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေး မြေစိုက်နံရံကပ် ဘုတ်တွင်ငါးသယံဇာတ ပြုန်းတီးမှုမဖြစ်ပေါ်စေရန် ပြည်သူများ လိုက်နာရမည့်ရေချို၊ ရေငန် ငါးလုပ်ငန်း ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် တားမြစ်ထား သောငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးခြင်းများ မပြုလုပ်ကြရန်စသည့် အချက်များပါဝင်သောမြေစိုက်နံရံကပ်ပြဘုတ် အားစိုက်ထူကြရာတွင်အမာမြို့ ငါးလုပ်ငန်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ၊ မြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အင်းလုပ်ငန်းရှင်များ၊ ငါး/ဂဏန်း/ ပုစွန်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများ ပါဝင်စိုက်ထူကြ​ပြီးငါးလုပ်ငန်း ပညာပေးလက်ကမ်းစာစောင် များအားဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)