မင်းလှမြိုနယ်တွင် အသက် ၅နှစ်မှ ၁၂ နှစ်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား/သူ(၁၂၇၁၈)ဦးရှိပြီဖြစ်

အထက်မင်းလှ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇွန်(၂)ရက်နေ့က သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ဇွန်(၈)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူ(၁၂၇၁၈)ဦး ထိုးနှံပြီး ဖြစ်ကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်း(၁၆၁)ကျောင်းနှင့် ဘုန်းတာ်ကြီးသင်ပညာကျောင်း (၁)ကျောင်း၊ စုစုပေါင်း(၁၆၂)ကျောင်းရှိပြီး အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကာကွယ်ဆေးထိုးနှံရန် ကျောင်းသား/သူ(၁၂၀၄၁)ဦး၊ ကျောင်းနေပြင်ပက လေးငယ်(၂၆၆)ဦး၊ စုစုပေါင်း(၁၂၃၀၇)ဦး လျာထားပြီး သတ်မှတ်ဆေးထိုးစုရပ်ကျောင်းများတွင် ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇွန်(၈)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ(၁၂၇၁၈)ဦး ရာခိုင်နှုန်း(၁၀၅.၆၂)%ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင်  အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ ဆေးထိုးစုရပ်ကျောင်းများတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါကာကွယ်ဆေးထိုးစုရပ် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)