အိမ်မဲ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လယ်ပေါ် ကျောင်း၊ စာချွန်ခံကျောင်းနှင့် အ.မ.က တပ်တွင်းကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း (၃၈၈)ဦးကို ထိုးနှံပေးနေကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်ကာကွယ်ဆေးများကို ဇွန်လ ၂ ရက်နေ့မှ ယမန်နေ့အထိ ထိုးနှံပြီးသူ ကျောင်သား၊ ကျောင်းသူ (၁၈၃၃၀)ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)