ပုလော ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာရေးဆရာမြနှင်းရည်ရှိန် (ဘာသာပြန်)၏” အတွေးများမှသည် လက်တွေ့လုပ်ဆောင်မှုဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် စာပေချစ်သူဒေါ်မြစောနွယ်က လူအများစုသည် အောင်မြင်ရန်၊ မျှော်လင့်ရန် ပိုမိုကောင်းမွန်လွယ်ကူသောနည်းလမ်းများကို ရှာဖွေနေကြကြောင်း၊ အောင်မြင်ရန်အတွက် လိုအပ်သောလက်တွေ့လုပ်နိုင်သောအင်အားကို မမွေးမြူနိုင်သောကြောင့် အောင်မြင်ကိုမရရှိ ကြောင်း၊ လက်တွေ့လုပ်ဆောင်နိုင်ရန် စွမ်းအားကောင်းများရရှိစေဖို့ “ရှုံးနိမ့်သူတို့၏တူညီချက်၊ လက်တွေ့လုပ်နိုင်မှုအားနည်းခြင်းနှင့် သတ္တိ၊ လက်တွေ့လုပ်ဆောင်မှုနှင့် အောင်မြင်မှု၏တွန်းအား” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ယင်းနောက် စာပေချစ်သူဦးအောင်မျိုးက လက်တွေ့လုပ်ဆောင်နိုင်သော ရည်မှန်းချက်ကို တည်ဆောက်ပါနှင့် စာပေချစ်သူဦးအာကာစိုးက အခုချက်ချင်းလက်တွေ့လုပ်ဆောင်ပါခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသားအဖွဲ့အစည်းကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုမှတ်တမ်း၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များကို နံရံကပ်ပြသထားရာ ဒေသခံများ စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အေးအေးမော်(ပုလော)