ဓနုဖြူမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်

ဓနုဖြူ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ (၃)လပတ်အတွက် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ထောင်ပံ့ငွေများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၁)အုပ်စုမှ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၉၉)ဦးအတွက် စုစုပေါင်း (၃၅၉၇၀၀၀၀) (ကျပ်သုံးရာငါးဆယ်ကိုးသိန်းခုနှစ်သောင်းတိတိ)ကို တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ ကိုယ်စား သက်ဆိုင် ရာ ရပ်ကွက်၊​ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)