မအူပင် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ရင်သွေးငယ်များအား အကျိုးခံစားခွင့်ပေးနိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာအလိုက် စာရင်းစနစ်တကျ ကောက်ယူနိုင်ရန်အတွက် ရပ်ကျေးစာရေးများအား သင်တန်းပို့ချခြင်းကို ဇွန် ၇ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ သင်တန်းပို့ချရာသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ခံ ဒေါ်ဆင့်နှင့် ဝန်ထမ်းများ၊ မအူပင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ အုပ်စု၊ စုစုပေါင်း ၈၈ အုပ်စုက ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)