ဆင်ပေါင်ဝဲမြို့နယ်၌ ကျေးရွာပြည်သူလူထုအကျိုးပြုလုပ်ငန်းဖြစ်သည့် မူလရွာမြေအား အမည်ပေါက်မြေဂရံရရှိရေးအတွက် မြေတိုင်းတာဆောင်ရွက်

ဆင်ပေါင်ဝဲ ဇွန် ၉

မကွေးတိုင်းဒေသကြိး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာတွင် ကျေးရွာနေပြည်သူလူထု မိမိတို့လက်ရှိနေထိုင်သည့် မြေနေရာများအား မြေဂရံလျောက်ထားနိုင်ရန်အလို့ငှာ ကျေးရွာပြည်သူလူထုအကျိုးပြု လုပ်ငန်းဖြစ်သည့် မူလမြေတိုင်းတာခြင်းလုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာမြေတိုင်းတာရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာရှိ မူလရွာမြေ (၉၇.၀၀)ဧကအား တိုင်းတာဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် ရွာမြေတိုင်းတာရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများမှ လုပ်ငန်းအောင်မြင်ရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)