ပွင့်ဖြူ ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအတွက် မြို့နယ်အဆင့် ပြိုင်ပွဲဝင်များ ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ ဝါသနာရှင်လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်၍ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် မြို့နယ်သဘင်အစည်းအရုံး အဖွဲ့ဝင်များအနေဖြင့် အရည်အချင်းရှိသော ပြိုင်ပွဲဝင်များ ရွေးချယ်ယှဉ်ပြိုင်နိုင်ရေး အကြံပြုဆွေးနွေးကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် မြို့နယ်သဘင်အစည်းအရုံးအဖွဲ့မှ တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား တိုင်းဒေသကြီး ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အရည်အချင်း ပြည့်ဝသော ပြိုင်ပွဲဝင်များ ရွေးချယ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားကာ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ အောင်မြင်စွာ ရွေးချယ်ယှဉ်ပြိုင်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့သည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )