သာပေါင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှအသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်း(၂၄၂)တွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံ ပေးခဲ့ကြသည်။
သာပေါင်းမြို့နယ် အခြေခံပညာကျောင်း(၂၄၀)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁) ကျောင်း၊ ကိုက်ပိုင်အထက်တန်း ကျောင်း(၁)ကျောင်းပေါင်း (၂၄၂) ကျောင်းအား ကိုဗစ်၁၉ ကာကွယ်ဆေးကိုအသက်(၅နှစ်မှ၁၂နှစ်)ကာကွယ်ဆေးများကို ဇွန်လ(၂)ရက်မှ (၃၀)ရက်နေ့ အထိကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးမည့် လျာထားဦးရေ(၁၇၀၂၂)ဦးရှိပြီး ဇွန်လ၂ ရက်နေ့တွင် ကျောင်း(၂၀)က ကျောင်းသား (၆၉၁)၊ကျောင်းသူ(၆၉၉)ဦး ပေါင်း(၁၃၉၀)ဦး၊ ယနေ့ ဇွန်လ ၃ ရက်နေ့ ကျောင်း(၂၁) တွင် ကျောင်းသား(၁၀၁၇)ဦး၊ ကျောင်းသူ(၉၆၃)ဦး ပေါင်း(၁၉၈၀)ဦး၊ ဇွန်လ ၆ ရက်နေ့ ကျောင်း(၂၅)တွင် ကျောင်းသား(၈၁၃)ဦး၊ ကျောင်းသူ(၇၂၇)ဦး ပေါင်း(၁၅၄၀)ဦး၊ ဇွန်လ ၇ ရက်နေ့ ကျောင်း(၂၄၂)တွင် ကျောင်းသား(၃၅၇၄)ဦး၊ ကျောင်းသူ(၃၅၂၅)ဦး၊ ဇွန်လ ၈ ရက်နေ့ ကျောင်း(၂၄၂)တွင် ကျောင်းသား(၅၉၂)ဦး၊ ကျောင်းသူ(၅၃၇)ဦး ပေါင်း(၁၁၂၉)ဦး၊ စုပေါင်း ကာကွယ်ဆေးထိုးနှံ(၁၃၁၃၈)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းများသို့မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များ ပေါင်းစပ်ဆောင်ရွက် အားပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)