ဟင်္သာတ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ခရိုင်ပြန်ဆက်ဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အကြမ်းဖက်မှုနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိ ပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဒိုင်ဒိုဒါးလ်က ယနေ့လူမှု ပတ်ဝန်းကျင်တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များအကြောင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေး၊ ကလေးအလုပ်သမားဆိုင်ရာအကြောင်းများ၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခံရသော ကလေးသူငယ် ဆိုသည်မှာ လိင်ပိုင်းဆိုင်ရာ ခိုင်းစေခြင်းခံရခြင်း၊ ပုံစံ အမျိုးမျိုးဖြင့် ကျွန်ပြုခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် လုပ်ငန်း များတွင် ကလေးသူငယ်များကို ခိုင်းစေခြင်း၊ ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းများတွင် ခိုင်းစေ ခြင်း၊ ညပိုင်းအချိန်များတွင် ခိုင်းစေခြင်း အစရှိသည့် ခိုင်းစေခြင်းများကို ယေဘုယျအားဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည်ဟု သတ်မှတ်ကြောင်း မိမိတို့လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း ယခုလိုအပြုအမှုမျိုးများ ကြုံတွေ့ပါက တရားဝင်တိုင်ကြားနိုင်သော ဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာ နီးစပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနများတွင် လာရောက်အကူအညီ တောင်းခံနိုင်ကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ကိုဇော်-ဟင်္သာတ