ဒေးဒရဲမြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၃၇၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီး

ဒေးဒရဲ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ယူလျက်ရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိစေရန်၊ အတူနေ မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်၊ ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍  အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ  အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ခုနှစ်၊ ဇွန်လ(၂)ရက်နေ့က စတင်၍ မြို့ပေါ်နှင့် ကျေးရွာကျောင်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အတွင်းရှိ  မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၉၃)အုပ်စုရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၂၁)ကျောင်း ရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၅၉၄၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ(၁၃၇၀၀)ဦး ကာကွယ်ဆေး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း