ဇလွန် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အ.ထ.က (ရွှေကျောင်း) တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်လာပီး ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်လာစေရန် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးမှ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ ဗဟုသုတမေးခွန်းများ ဆန်းစစ်မေးမြန်းပီး အဖြေမှန်သူများအား ဂုဏ်ပြု အမှတ်တရလက်ဆောင်များ ပေးအပ်ကာ စုပေါင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance) များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေယံ- ဇလွန် (ပြန် /ဆက်)