ပဲခူး ဇွန် ၈
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အ.ထ.က(၈၊ ၉၊ ၁၀၊ အင်းတကော်)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၅၅၁)ဦးကို မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)