သဲကုန်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက လူမှုဘဝ၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် လူတိုင်းသည် အချိန်မရွေး နေရာမရွေး ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရုတ်ခြည်းဝေဒနာခံစားရခြင်းတို့ ဖြစ်ပေါ်လာပါက ရှေးဦးသူနာပြုစုနည်းသည် အမှန်တကယ်လိုအပ်သည့်အတွက် သင်တန်းဖွင့်လှစ်ရန် ရည်ရွယ်ပါကြောင်း၊ တက်ရောက်လာသူများမှ သင်တန်း ဖြစ်မြောက်အောင် ဝိုင်းဝန်းဆွေးနွေးပြောကြားပေးစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ သဲကုန်းမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့နယ် တပ်ဖွဲ့မှူးဦးမြင့်ကျော်တို့က သင်တန်းဖွင့်လှစ်ရန် လိုအပ်သည့် အစီအစဉ်များနှင့် သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သင်တန်းကိုဇွန်လ တတိယအပတ်တွင် ဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် သဲကုန်းကြက်ခြေနီတပ်ဖွဲ့မှူး ပုတီးကုန်း၊ အင်းမမြို့မှကြက်ခြေနီတပ်ခွဲမှူး၊ ဒုတပ်ခွဲမှုး၊တပ်စုမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင့်နန္ဒာဌေး