အုတ်တွင်း ဇွန် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ယမန်နေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားမှု အခြေအနေအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် အုတ်တွင်းမြို့နယ်၌ အ.ထ.ကကျောင်း(၇)ကျောင်း၊ အ.ထ.က(ခွဲ)(၇)ကျောင်း၊ အ.လ.က(၃)ကျောင်း၊ အ.လ.က(ခွဲ)(၂၄)ကျောင်း၊ မူလွန်(၁၀၈)ကျောင်း၊ အ.မ.က(၁၃)ကျောင်း၊ အ.မ.က(ခွဲ)(၆)ကျောင်း စုစုပေါင်း(၁၆၈)ကျောင်း ဖွင့်လှစ်နိုင်ပြီး ဇွန်လ ၂ ရက်နေ့မှစတင်ပြီး အုတ်တွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းသာစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနဝန်ထမ်းများက လိုက်လံကြည့်ရှုအားပေးစကားပြောကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား လုံခြုံစိတ်ချစွာပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများလုံခြုံရေးထားရှိမှုအခြေအနေနှင့် ကျောင်းလိုအပ်ချက်များအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)