ဖြူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များပေါက်ဖွားမှုနှိမ်နှင်းရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖြူး    ဇွန်  

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များပေါက်ဖွားမှုမရှိနိုင်ရေး ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့်  အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ခြင်း၊  ခြင်ဆေးဖြန်းခြင်းနှင့်  ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် အသိပညာပေးခြင်း လုပ်ငန်းများကို  ညောင်ပင်သာကျေးရွာ၌ ယနေ့နံနက်()နာရီအချိန်က စတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ပေါက်ဖွားမှုများပြီး အသက်အရွယ်မရွေး ခြင်အကိုက်ခံရပါက သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများပါ ဖြစ်ပွားနိုင်၍ အသက် ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ခြင်းကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ရေတွင်း၊ ရေကန် များတွင် အဘိတ်ဆေးခတ်ခြင်း၊ သုံးရေအိုးစသည်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ စာသင်ကျောင်းများတွင် ခြင်ဆေးဖြန်းခြင်းနှင့် လူတိုင်းအနေဖြင့် ခြင်ပေါက်ဖွားမှု မရှိရေး မိုးရေတင်ကျန်နိုင်သည့် ဖော့/ပလပ်စတစ်ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများအတွင်းတွင် ရေတာရှည်စွာ မတင်နိုင်စေရေး ဆောင်ရွက်ကြပါရန်  အသိပညာပေးခဲ့ကြောင်း ဖြူးမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာထံမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)