ပန်းတောင်းမြို့နယ်တွင် လူငယ်နှင့်အားကစား အသိပညာပေး Talk Show ကျင်းပ

ပန်းတောင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူငယ်နှင့်အားကစား အသိပညာပေးTalk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံက်(၁၀:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်နှင့်အားကစားအကြောင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက လူငယ်လူရွယ်များအနေနှင့် အားကစားလှုပ်ရှားမှုကျဆင်းလာရသည့်အကြောင်း၊ လူငယ်နှင့်အားကစားဆိုသည့်အခန်းကဏ္ဍအကြောင်း၊ လူငယ်တစ်ယောက်မှာအားကစား၏အရေးပါမှုစသည့် အားကစားနှင့်ပတ်သက်မှုများကို မေးမြန်းရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဒေါ်စောမာလာက ယနေ့ခေတ်လူငယ်များအနေဖြင့် ကိုယ်လက်လှုပ်ရှားမှုအားနည်းလာရသည့်အကြောင်းရင်းနှင့် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးတန်ဖိုးကို သတိမထားမိတာလည်းဖြစ်နိုင်ကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပါကြောင်း၊ ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ ရိုးရာအားကစား၊ လူထုအားကစား၊ လေ့ကျင့်ခန်းလုပ်စဉ်မှာ ထွက်ရှိသည့် Endorphins စိတ်ကပျော်ရွှင်မှုကို တိုးတတ်စေနိုင်သည်ဆိုသည့် အားကစားနှင့်ပတ်သက်သည့်အကြောင်းအရာများကို ပြည့်ပြည့်စုံစုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)