၂၀၂၂ခုနှစ် မိုးရာသီအတွက် လူထုဖြန့်ပျိုးပင်များ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက အခမဲ့ဖြန့်ဝေပေး

မြန်အောင် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီအတွက်  လူထုဖြန့်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယမန်နေ့ နံနက်က မျှင်ဝါးတောင်ဘိနယ် လူထုဖြန့်ပျိုးဥယျာဉ်မှ အ.ထ.က(ခွဲ) မျှင်ဝါးတောင်သို့ ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား ပျိုးပင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန် လျှော့ချနိုင်စေရန် ၂၀၂၂ခုနှစ် မိုးရာသီ လူထုဖြန့်ပျိုးပင် (၁၄၀၀၀၀)အား ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ စာသင် ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများသို့ မြို့နယ်အတွင်းရှိ သစ်တော ဘိနယ်စခန်း (၅)ခုတို့မှ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင်