ဟင်္သာတမြို့နယ်တွင် (ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းဝေး အမှတ်စဉ် (၃/၂၂) ကျင်းပပြုလုပ်

ဟင်္သာတ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းဝေး (၃/၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက မိမိတို့မြို့နယ်များအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဝါသနာရှင်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များကို စနစ်တကျ ရွေးချယ်၍ ဟင်္သာတခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေး အထူးအလေး ထား ပူးပေါင်း​ဆောင်ရွက်သွားကြရန်နှင့် မိမိတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမူအမွေကို အနာဂတ် လူငယ်များ သိရှိတန်ဖိုးထားတတ်စေရန်၊ ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် အလေ့အကျင့် ကောင်းများ ရှိလာစေရန် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်ပျိုးထောင်ပေးရန် စသည်ဖြင့် အဖွင့် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆပ်ကော်မတီများမှ မိမိတို့ တာဝန်ယူ ဆောင်ရွက်နေကြသော ကဏ္ဍများအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ သဘင်ပညာရှင် များ၊ ဂီတပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုဇော် - ဟင်္သာတ