လက်ပံတန်းမြို့နယ်တွင် “ကြက်ခြေနီအကြောင်းသိကောင်းစရာ” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

လက်ပံတန်း  ဇွန်  ၈

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ “ကြက်ခြေနီအကြောင်းသိကောင်းစရာ”  အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမျိုးမင်းထွန်းက အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။ ထို့နောက် လက်ပံတန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်ကြီးက ကြက်ခြေနီအသင်းသမိုင်းကြောင်း၊ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များနှင့် လက်ပံတန်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၏ ရှေးဦးသူပြုစုခြင်းလုပ်ငန်းနှင့် အသိပညာပေးဆောင်ရွက်မှု လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)