ပိုင်ကျုံ ဇွန် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှကင်းဝေးစေရန်နှင့် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ် ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အ.ထ.က(ခွဲ)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ပထမအကြိမ် ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်နှင့်အထက်ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဇွန်လ ၂ ရက်နေ့မှစတင်ကွင်းဆင်းထိုးနှံပေးလျက်ရှိရာပိုင်ကျုံ အ.ထ.ကကျောင်းတွင် (၁၃၀)ဦး၊ အ.လ.က ကစိုကျောင်းတွင်(၆၃၅)ဦး အ.ထ.က(ခွဲ)အထက်ပိုင်ကျုံတွင်(၆၄၉)ဦး စုစုပေါင်း (၁၄၁၄)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ဆေးထိုးစုရပ်ဖြစ်သည့် အ.ထ.က(ခွဲ)အထက်ပိုင်ကျုံကျောင်းတွင် ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား/သူများအား ဇွန်လ ၈ ရက်နေ့တွင် ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်ကြီးကြပ်မှုဖြင့် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးနှင့် ကျန်းမာ ရေးဝန်ထမ်းများ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ပိုင်ကျုံမြို့ နယ်မြေမီးသတ်စခန်းမှမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ ဆရာ၊ဆရာမများနှင့် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများအား အဆင်ပြေလွယ်ကူစွာ ဆေးထိုးနှံနိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)