ကမမောင်း ဇွန် ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ပွဲရှောင် မိသားစုများအတွက် ဆန်၊ဆီများထောက်ပံ့ပေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကမမောင်းမြို့၊ အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပွဲတွင် ကမမောင်းမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းကျော်သူက၏ ကြီးကြပ်မှုဖြင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းနှင့် တာဝန်ရှိသူများက လူတစ်ဦးလျှင် ဆန် (၁၄)ဘူးနှုန်းဖြင့် အိမ်ထောင်စု(၆၆၈)စု၊ လူဦးရေ(၂၉၄၇)ဦးအတွက် စုစုပေါင်းဆန်(၄၁၂၅၈)ဘူး၊ အိမ်ထောင်စု တစ်စုလျှင် ဆီ(၁)ဘူးနှုန်းဖြင့် စုစုပေါင်း ဆီ(၆၆၈) ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကမမောင်း(ပြန်/ဆက်)