မြို့သစ် ဇွန် ၈
မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ်အတွင်းရှိ စပါး၊ နှမ်းစိုက်ပျိုးမည့်တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုမှ တောင်သူများအား စပါး၊ နှမ်းစိုက်ပျိုးရန်အတွက် လျာထားအုပ်စု (၄၆) အုပ်စုရှိပြီး မိုးရာသီ ချေးငွေလျာထားငွေ စုစုပေါင်းငွေကျပ် သိန်း (၈၀၀၀) လျားထားလျက်ရှိသည်။ ထုတ်ချေးပြီးအုပ်စု (၃) အုပ်စုအား ထုတ်ချေးပေးခဲ့ရာ စပါးဧက(၄၅၂) ဧကနှင့် နှမ်းစိုက်ဧက (၁၂၀) စုစုပေါင်း (၅၇၂) ဧက၊ စုစုပေါင်းထုတ်ချေးငွေပေါင်း (၇၉၈.၀၀) သိန်းကို ထုတ်ချေး ပေးခဲ့ပြီး ကျန်ရှိသည့် တောင်သူဦးကြီးများအတွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စပါးစိုက်ခင်းတစ်ဧကလျှင် ငွေကျပ် ၁၅၀,၀၀၀/- (ကျပ်တစ်သိန်းငါးသောင်း)နှုန်း၊ နှမ်းနှင့် အခြားစိုက်ပျိုးမည့် သီးနှံများအတွက်တစ်ဧကလျှင် ငွေကျပ် ၁၀၀,၀၀၀/-(ကျပ်တစ်သိန်း) နှုန်းဖြင့် ထုတ်ချေးပေး လျက်ရှိပြီး အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အဆိုပါချေးငွေများကို သတ်မှတ်ရက် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာထံမှ သိရသည်။
ကိုဇော်( ပြန်/ဆက်)