ကန့်ဘလူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ကန့်ဘလူ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသားကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက လိတ္ထူကျေးရွာ၊ နတ်ပေးကျေးရွာ၊ ဆိပ်ဖူးမြောင်ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ ဆေးထိုးအဖွဲ့များခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ ခုတင် ၁၀၀ ဆေးရုံအုပ်ဒေါက်တာနေမိုးနှင့် မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့၏ ကြီးကြပ်စီမံဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်းထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၃ ရက်မ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူ ၃၂၄၆ ဦးကိုလည်းကောင်း၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်ထိ ကျောင်းသား၊ ကျောင်းသူ ၂၇ ဦးကိုလည်းကောင်း ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပြီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)