သဲကုန်းမြို့နယ်တွင် Talk Show ဆောင်ရွက်

သဲကုန်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး Talk Show ဆောင်ရွက်ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီး ရွှေသဲကုန်းဓမ္မစကူးလ် သင်ကြားရေးတာဝန်ခံ ဆရာမဒေါ်ခင်ပြုံးကြည်က လူငယ်နှင့်ဘာသာယဉ်ကျေးမှု၊ သင်ကြားရေးဆရာဦးထက်ပိုင်မင်းက ကိုယ်အမူအယာယဉ်ကျေးမှု၊ နှုတ်ယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံရေးတွင် အောင်မြင်စေရန် လိုက်နာသင့်သည့် ယဉ်ကျေးမှုဆိုင်ရာ အမူအကျင့်များအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)