သံတောင်ကြီးမြို့နယ် လေလော်ဒေးကျေးရွာတွင် ချောင်းကူးတံတားတည်ဆောက်ခြင်းပြီးစီး

သံတောင်ကြီး   ဇွန်  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်အတိုးရငွေဖြင့် တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

လေလော်ဒေးကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် အရှည်(၁၅)ပေ၊ အကျယ်(၈)ပေ၊ ထု(၈)လက်မ၊ ကုန်ကျငွေစုစုပေါင်းကျပ်(၃၃)သိန်းဖြင့် ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းထံက သိရသည်။

အဆိုပါ လေလော်ဒေးကျေးရွာတွင်  ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက် ပြီးစီးပြီဖြစ်သောကြောင့်  ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများဆောင်ရွက်ရာတွင်  ပိုမိုလျင်မြန်အဆေပြေစွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

နော်လော်မူ