မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေး လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆောင်ရွက်

အထက်မင်းလှ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒီးဒုတ်ကန်ကျေးရွာ၌ ကုန်ထုတ်လမ်းနှင့် တံတားဆောင်ရွက်မည့် အခြေအနေများ၊ ဆောင့်ညောင်ကျေးရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ များအား ချပြရှင်းလင်းဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား‌ပြောကြားပြီး ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က  ဒီးဒုတ်ကန်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့်တံတား တည်ဆောက်မည့် အခြေအနေများ၊ ဆောင့်ညောင်ကျေးရွာတွင် သောက်သုံးရေရရှိရေးဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက‌ ကျေးရွာကုန်ထုတ်လမ်း ‌ဖောက်လုပ်ခြင်းနှင့် တံတားတည်ဆောက်မည့် အခြေအနေများ၊ သောက်သုံးရေရရှိရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဒီးဒုတ်ကန်ကျေးရွာနှင့် ဆောင့်ညောင်ကျေးရွာတို့မှ ကုန်ထုတ်လမ်းဖောက်လုပ်ရေး၊ တံတား တည်ဆောက်ရေးနှင့် သောက်သုံးရေရရှိရေး ကျေးရွာလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(အထက်မင်းလှ)