ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

ကျွန်းလှ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စာကျောင်းဝင်းအတွင်း ခြင်ခိုအောင်း ပေါက်ဖွားနိုင်သော ချုံနွယ်များ၊ အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ‌ကောင်းမွန်ရေး ဆောင်ရွက်ခြင်းနှင့် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေသိုလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး၊ မြို့နယ်ပညာရေးမှူး ဦမြင့်လွင်တို့ကကြီးကြပ်ပြီး ဌာနဆိုင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆရာ ဆရာမများ ပူးပေါင်းဆောင်ရွက်ကြ‌‌ကြောင်း သိရသည်။

မျိုးဝင်းညို