ကရသူရိ ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီက ပန်းအလှထိုးသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူးဒေါ်အေးအေးသန်းက သင်တန်းကိုမြို့အတွင်းရှိ လူငယ်/လူရွယ်များနှင့် စိတ်ပါဝင်စားသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ သင်ယူတတ်မြောက်သင့်သည့် အိမ်တွင်းမှု အတတ်ပညာများကို အလွယ်တကူသင်ယူတတ်မြောက်စေရန်နှင့် တစ်ပိုင်တစ်နိုင် ဝင်ငွေတိုးစေရန် ရည်ရွယ်ပြီး မိမိတို့ မြို့ရုံးအနေဖြင့်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပန်းအလှဆင် သင်တန်းဆရာမ ဒေါ်သီသီးစိုးက ငွေအကုန်အကျနည်းပါးပြီး အိမ်တွင်း စိုက်ပျိုးသည့် ပန်းများဖြင့်ပန်းအလှဆင်နည်း၊ ပန်းထိုးနည်းနှင့်အသုံးပြုပုံများကို သင်ကြားပြသခြင်း၊ သင်တန်းသားမျာက လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ပန်းအလှထိုးသင်တန်းကို (၁)ရက်အကြာ စိတ်ဝင်တစ်စားသင်ကြားခဲ့ကြကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)