ခမောက်ကြီး ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တစ်ရပ်ကို ခမောက်ကြီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲပြုလုပ်ရာ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူးနှင့် အထကခမောက်ကြီးကျောင်း ကျောင်းအုပ်ဆရာကြီးတို့က ကျောင်းသား၊ ကျောင်းသူလူငယ် တို့အတွက် ကျန်းမာရေးအထောက်အကူဖြစ်စေသည့် အားကစားနှင့်ကာယပညာရပ်ဆိုင်ရာများကို အသိပေးဟောပြောခဲ့သည်။
ထိုသို့ ဟောပြောရာ၌ အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချ၌ လှုပ်ရှားယှဉ်ပြိုင်မှုဖြစ်ကြောင်း၊ အားကစား ပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကြောင်း၊ လမ်းလျှောက်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်း၊ ပြေးခြင်း၏ ထိပ်တန်းအကျိုး (၁၀) ချက်၊ ကိရိယာမပါဘဲ အိမ်တွင်းပြုလုပ်နိုင်သော ခန္ဓာကိုယ် အဆီကျ လေ့ကျင့်ခန်းများ၊ Exercise မလုပ်လျှင်ဖြစ်ပေါ်လာမည့် ရောဂါလက္ခဏာများ၊ Exercise လုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် အားကစားနှင့် ကာယပညာသိပ္ပံသင်တန်းသား/သူများအား နိုင်ငံတော်မှပံ့ပိုးမှုများစသည်တို့ကို ကျောင်းသား/သူလူငယ်တို့အား အသိပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ရူပါမြင့် (ခမောက်ကြီး)