ရှမ်းရွာသစ် ဇွန် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားစိုက်ပျိုးလုပ်ကိုင်သည့်မြို့ဖြစ်ပြီး နှစ်စဉ်ဒေသနေပြည်သူများ၏ နေအိမ်ခြံဝင်းတွင် စိုက်ပျိုးထားသော ဝဥပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် "ကျွန်မတို့ဒေသခံတောင်သူအများစုတွေဟာ လယ်လုပ်ငန်းနဲ့တွဲဖက်ပြီး ဝဥ စိုက်ပျိုးသည့်လုပ်ငန်းကို နေအိမ်ခြံဝင်းနှင့်တောတောင်များတွင် နှစ်စဉ်တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါတယ်။ ယခုလို မိုးဦးကျရာသီရောက်ပြီဆိုရင် အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ တောတောင်များနှင့် မိမိတို့အိမ်ခြံဝင်းတွေမှာ ဝဥမျိုးစေ့များကိုစပြီးစိုက်ရကြောင်း၊ သစ်ရိပ်၊ ဝါးရိပ်၊ အစိုဓာတ်ကောင်းသည့်နေရာများတွင် စိုက်ပျိုးရကြောင်း၊ ဝဥများကို တူးဖော်ခဲ့ရာမှ ယခုအခါနှစ်စဉ် ပြည်တွင်း/ပြည်ပ ဝယ်လိုအားများလာမှုကြောင့် ဒေသနေပြည်သူအများစုသည် တစ်နိုင်တစ်ပိုင် အများစုစိုက်ပျိုးလာကြကြောင်း၊ ဝဥစိုက်ပျိုးမှုအတွက် အသင့်လျော်ဆုံးရာသီဥတု အနေအထားသည် အပူပိုင်းဒေသသီးနှံဖြစ်သည်နှင့်အညီ စိုစွတ်ပြီးပူနွေးသောရာသီဥတုအခြေအနေ လိုအပ် ကြောင်း၊ မိုးရွာသွန်းမှုမျှတပါက ဝဥအထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း ဝဥစိုက်ပျိုးလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့အနီးတစ်ဝိုက်ရှိတောတောင်များနှင့် ကျေးရွာအုပ်စုများရှိ ဒေသနေပြည်သူအများစု၏ နေအိမ်ခြံဝင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ဝဥစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းကာ တူးဖော်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန်မျှော်လင့်ကြကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)