ခန္တီးမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံများအတွက် မျိုးစေ့များပေးအပ်ပွဲပြုလုပ်

 

ခန္တီး ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က  မိုးရာသီတွင်စိုက်ပျိုးရန်အတွက် မိုးသီးနှံမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ် စိုက်ပျိုး ရေဦးစီးဌာနမှ ကြီးမှူးကျင်းပရာ မြို့နယ်စိုက်ပျိုးရေဦးစီးမှူး ဦးထွန်းဝေက မိုးစပါးဆင်းဧကရီ (၃)နှင့် အစေ့ထုတ်ပြောင်း (UH - 008)မျိုးစေ့ပေးအပ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေဦးစီးမှူးရုံးမှ မျိုးစေ့တာဝန်ခံဦးဝင်းကျော်ထွန်းက မျိုးကောင်းမျိုးသန့် အသုံးပြုရခြင်း၏ ရလဒ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မျိုးစေ့များအား ပေးအပ်ရာ ဒေသခံတောင်သူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန် / ဆက်)