ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာစာသင်ကျောင်းများတွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ငွေဆောင် ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ ကျေးရွာစာသင်ကျောင်း များတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှ စတင်၍ အသက်(၅)နှစ်မှ အသက် (၁၂) အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အ.မ.က(၁၀၀) ဖုန်းမောင်ကြိုင်(၁)၊ အ.မ.က (၁၈၂) ဂျိုင်လယ်၊ အ.ထ.ကခွဲ ရှောက်ချောင်း၊ အ.မ.က(၁၅၈) မကျီးမှော် စာသင်ကျောင်းတို့ တွင် ထိုးနှံပေးခဲ့ကြကြောင်း သတင်းရရှိသည်။

အ.မ.က(၁၀၀) ဖုန်းမောင်ကြိုင် (၁) စာသင်ကျောင်းတွင် အသက်(၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/သူ စုစုပေါင်း(၇၀) ဦးရှိရာ ကာကွယ်ဆေးထိုးနှံသူ (၄၇) ဦးရှိကြောင်း သိရ သည်။

အ.မ.က(၁၈၂) ဂျိုင်လယ်စာသင်ကျောင်းတွင် စာရင်းရှိ (၃၄) ဦးရှိရာ ကာကွယ်ဆေးထိုးနှံသူ (၂၃) ဦးရှိကြောင်း သိရသည်။

အ.ထ.က(ခွဲ) ရှောက်ချောင်းနှင့် အ.မ.က(၁၅၈) မကျီးမှော်တို့တွင် ဆေးထိုးနှံသူ စုစုပေါင်း (၇၅)ဦးရှိကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ငွေဆောင်ပြန်/ဆက်)