ငပုတောမြို့၌ စာသင်ကျောင်းဝန်းအတွင်း ခြင်အန္တရာယ်ကင်းဝေးစေရေးအတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

ငပုတော ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငပု​တောမြို့နယ်အတွင်းရှိ စာသင် ကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ စာသင်ကျောင်းများအတွင်း ​ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်က ငပုတောမြို့ လိပ်ချောင်းကျေးရွာအုပ်စု ခြံကွင်းကျေးရွာရှိ အ​ခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်း ခြင်ဆေးဖျန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ သွားရောက် ကြည့်ရှုခဲ့သည်။

ထို့​နောက် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ သောက်သုံးရေရရှိမှု၊ ကျောင်းပတ် ဝန်းကျင်သန့်ရှင်းရေး၊ စိမ်းလန်းစိုပြေစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ခြင်အန္တရာယ်မှ ကင်းဝေးစေရေးအတွက် အလေးထားလုပ်ဆောင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)